စက်တင်ဘာ သုညခွန် စက်တင်ဘာသွေး ဒါဟာ..ချောက်ခြားကြောက်လန့်အောင်… ဇာတ်လမ်းဇာတ်ကွက်ဆင်ထားတဲ့..ပုံပြင်တစ်ပုဒ်မဟုတ်ဘူး……. အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။ အမှန်တကယ့်ကို. .ဖြစ်ခဲ့..ပျက်ခဲ့..တယ်..။ ကြားဖူးနားဝတွေထဲမှာ…. သင်အံဖူးသမျှတွေထဲမှာ.. ဖြတ်သန်းလာခဲ့သမျှထဲမှာ…. ဒီ..စာမျက်နှာတွေရဲ့..သွေးနံ့တွေက..အညှီဆုံးပေါ့….။ သူတို့ဟာ..လူတစ်ယောက်ကို..လက်ယဉ်ယဉ်နဲ့..သတ်နိုင်ဖို့.. စနစ်တကျ..လေ့ကျင့်သင်အံခဲ့ကြတာ… သူတို့ဟာ….သူတို့အလိုရမ္မက်တွေအတွက်.. ကိုယ့်သမိုင်းကိုယ်..တံတွေးနဲ့..ရေးရဲတာ… သူတို့ဟာ..သူတို့ရောက်နေတဲ့..အရပ်ကို ချိုင့်ဝှမ်းမှန်း.တောင်တန်းမှန်းမသိလောက်အောင်… အတ္တတွေ..ပိန်းပိတ်နေခဲ့တာ… သူတို့ဟာ..လက်တစ်လုံးခြားလှည့်စားတတ်သလိုမျိုး.. ပြောင်လိမ်ဖို့လဲ..၀န်မလေးကြဘူး….. သူတို့ဟာ…အံ့သြစရာကောင်းလောက်အောင်… "အနှစ်..နှစ်ဆယ်လုံးလုံး"..လုပ်ဇာတ်ကနိုင်ခဲ့..။ သားသတ်မုဆိုးတွေရဲ့..ရက်စက်မှုလား… အမဲလိုက်ခွေးတွေရဲ့….စိတ်ဆာလောင်မှုလား… အရိုးရှင်းဆုံးမေတ္တာတံတားတွေပေါ်မှာ.. စစ်ဖိနပ်သံတွေပြင်းထန်သွားခဲ့ပြီ..။ ဆရာတော်.ဦးဥတ္တမဟာ မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားက ဦးခေါင်းကိုနံပါတ်တုတ်နဲ့..အရိုက်မခံခဲ့ရဘူး.. ဘုရားသားရဲ့..သွေးစိမ်းရှင်ရှင်တွေ..ဘုရားရဲ့မြေမှာ..မစွန်းပေခဲ့ရဘူး.. ဆရာတော်ဦးဝိစာရဟာ… သေနတ်သံတွေအကြားမှာ…သင်္ကန်းတဖားဖားနဲ့..မပြေးခဲ့ရဘူး လက်ပြန်ကြိုးတုတ်ပြီးသေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး… ဘယ်သူ့လက်ချက်မှန်းမသိဘဲ..ရေထဲမှာ..အလောင်းမျောမခံခဲ့ရဘူး…။ ဒါဟာ..ဘာသာမတူ..လူမျိုးမတူသူတွေရဲ့လက်အောက်.. ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့.. ဒီအရှင်မြတ်တွေဟာ…တို့သမိုင်းထဲက.. ရဟန်းအာဇာနည်တွေပေါ့…. ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။ အမြင့်မြတ်ဆုံး…ဓမ္မရှင်တွေဟာ… ဘာအလိုရမ္မက်မှမပါဘဲ…ဆန္ဒကိုဆန္ဒအတိုင်း. ရိုးရိုးသားသား..ဖေါ်ထုတ်ခဲ့ကြတာ…၊ အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ… ဘယ်လိုကိုယ်ကျိုးဖက်မှုမှမပါဘဲ.. သူတို့စွမ်းဆောင်နိုင်သမျှ.. သူတို့ကယ်တင်ခဲ့ကြတာ….. အခု…မေတ္တာသုတ်ရွတ်သံကို ယမ်းခိုးတွေနဲ့..မှိုင်းတိုက်လို့ ရွှေဝါရောင်သင်္ကန်းတွေကို..သွေးရာင်လွှမ်းစေခဲ့ကြ.. အပြစ်မဲ့ပြည်သူတွေကိုအမဲကောင်လို..ပစ်ခတ်နေကြပြီး..ေ၇ွှတိဂုံရင်ပြင်ကို..လူသတ်ကုန်းလို..သဘောထားရဲကြ.. ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့..ပျက်ခဲ့တယ်…။ အခြေအနေအားလုံးကို..မျက်လှည့်ပြလိုက်သလိုမျိုး တိတိကျကျပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ တစ်ဘက်ကမ်းခတ်..ကလိန်ဥာဏ်များကလည်း..လက်ဖျားခါချင်စရာ… မီဒီယာနည်းနာကို..မီးကုန်ယမ်းကုန်..အသုံးချတတ်ပုံကလည်း..သြချစရာ… သူတို့ဟာ…ဟစ်တလာလို..ကြီးကြီးကျယ်ကျယ်လိမ်ကြပြီး.. နရသူမင်းလို..အာဏာကို…ဘာသာနဲ့လည်း..လဲရဲတယ်..။ ကြည့်ကြ..!!! ပါးစပ်က..ဘုရားဘုရားဆိုသမျှ.. ကိုယ့်ယို့ကားယားနိုင်လွန်းလှတဲ့လက်တွေလေ.. ၀ါဆိုသင်္ကန်းတွေကပ်ပြဖူးတဲ့လက်.. ကထိန်သင်္ကန်းတွေကပ်ပြဖူးတဲ့လက်.. ဆွမ်းဆန်စိမ်းတွေကပ်ပြဖူးတဲ့လက်… ဘုရားထီးတော်တွေကို..မတန်တရာတင်ပြဖူးတဲ့လက်.. အဲဒီ့ … လက်.တွေမှာ… ဘယ် သံ သ ရာ ရောက် ရောက် ..... ဖျက် လို့ မ ရ မယ့်…. သွေးတွေနဲ့……။ စက်တင်ဘာသွေး (တစ်နှစ်တိတိပြည့်သွားတဲ့..ကဗျာပါ..၊ အဲဒီ့ရက်တွေထဲမှာ...အဲဒီ့ကဗျာကို...မျက်ရည်စက်လက်ရေးခဲ့တယ်...)Labels: MYANMAR POLITICAL NEWS AND IDEAS မှ |